Saturday, November 13, 2010

နေမင်းရဲ့ သမီးတော်သို့ ကြိုဆိုခြင်း

ဝမ်းသာခြင်း အထိမ်းအမှတ်အဖြစ် ကိုယ်စိတ်သန်ရာ ပညာရပ်နဲ့ ဒီနေ့အကြောင်းကို အမှတ်တရ ရေးခြစ်ဖြစ်တယ်။
ဂျူပီတာရယ်၊ ယူရေးနပ်စ်ရယ်..။ နောက် .. ကျွန်တော်တို့ လေးစားမြတ်နိုးရပါသော နေမင်းရဲ့ သမီးတော်ရယ်.

Freedom For All .. အမှောင်ညတွေ ကုန်လွန်သွားရင် အရုဏ်ကျင်း အလင်းသစ်ဆီ ရောက်ရှိရမယ်..။

ဝမ်းသာခြင်း အထိမ်းအမှတ်အဖြစ် ကိုယ်စိတ်သန်ရာ ပညာရပ်နဲ့ ဒီနေ့အကြောင်းကို အမှတ်တရ ရေးခြစ် ဖြစ်တယ်။

တတ်လွန်းလို့ သိလွန်းလို့ ချရေးလိုက်တာ မဟုတ်ရပါ။ ဆရာ့ဆရာတွေ၊ ပညာရှင်ကြီးတွေရဲ့ အမြင်နဲ့ သုံးသပ်ချက် ခန့်မှန်းချက်တွေကို အခွင့်ရရင် တင်ပြပေးသွားမှာပါ။ အခု တင်ပြထားတာက ရန်းဂန်းရဲ့ အွန်လိုင်းပေါ်က မြင်သမျှ တွေ့သမျှလေးသာ ဖြစ်ပါတယ်။

သာယနစနစ်ဆိုတဲ့ အနောက်တိုင်းနက္ခတ်ဗေဒင် နည်းစနစ်အရ ( အခုခေတ် မြန်မာပြည်မှာ ဘာဖွားညာဖွား ရာသီဖွားဆိုပြီး ခေတ်စားနေတဲ့ စနစ်အရ ) နေမင်းရဲ့ သမီးတော် ဇာတာမှာ တနင်္ဂနွေဂြိုဟ်ဟာ မေထုန်ရာသီ ၂၇ အံသာမှာ ရပ်တည်ပါတယ်။ လောလောဆယ် ကောင်းကင် ဂြိုဟ်သွားအရ မိန်ရာသီမှာ ကြာသပတေးနဲ့ ယူရေးနပ်စ်တို့က ၂၃-၂၇ အံသာနဲ့ ပူးယှဉ်ပြီး မူလဇာတာက တနင်္ဂနွေကို ထောင့်မှန်အမြင်နဲ့ မြင်ယှဉ်ထားပါတယ်။ အကျိုးဆက်နဲ့ အကြောင်းဆက် တွေကိုတော့ ဟောဒီမှာ မူရင်းအတိုင်း ဖတ်ကြည့်နိုင်ပါတယ်။

From the perspective of Jupiter and Uranus, this great experiment called democracy should be pushed to its greatest capacity

New civil liberties, expansion of human rights, and the strong call toward higher and greater freedoms is often the trademark of Jupiter and Uranus combination.”

As many metaphysical systems have attested, the time of roughly 2010 through 2012 has been emphasized as a time of tremendous change and of great significance. Astrology does not differ on this general assessment......

ဒီထက်မက ဆက်လက် ဖတ်ရှုလိုပါရင် ဟောဒီလင့်ခ်မှာသာ သွားရောက်အားပေးနိုင်ပါတယ်။ ဘိုလို ကျွမ်းကျင်သူများအတွက် ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

2 comments:

ရွှန်းမီ said...

သတင်းကောင်းပါပဲး)

ဟိန်းတင့်ဇော် said...

ကျွန်တော်လည်း ကြိုဆိုပါတယ်ဗျို့... ကျေးဇူးတင်ပါတယ်ဗျာ
လေးစားခင်မင်စွာဖြင့်
ဟိန်းတင့်ဇော်