Monday, August 8, 2011

ဥာဏ်တူရင် ယူပေတော့

ဘာရယ် မဟုတ်ပါဘူး။ ဥမမယ်၊ စာမမြောက်ခင်က တောင်ခြစ်၊ မြောက်ခြစ်နဲ့ လျှောက်မှတ်ခဲ့၊ ရိုရိုသေသေ သိမ်းဆည်းခဲ့၊ မုန်တိုင်းအဝင်မှာ မှင်တွေ လွင့်ပျယ် ပျက်စီးမတတ် ဖြစ်ခဲ့၊ အရာရာနဲ့ အကြောင်းကြောင်း ရှိခဲ့ပေမဲ့ ဟောင်းနွမ်းမသွားသေးတဲ့ မှတ်တမ်းတွေထဲက ဥာဏ်မတူလို့ မယူနိုင်သေးတဲ့ ပညာရပ် တချို့ကို တင်ပြပေးလိုက်ပါတယ်။
ကိုယ်တိုင်ဆွဲ ဇော်ဂျီနဲ့ တားရော့
ပထမံရုပ်စမများ
ဣစ္ဆာသယဂိုဏ်းစဉ်စမ
ရှင်ဥပဂုတ္တစမတစ်မျိုး
စမလိပ်ပြာ
ထူးထူးဆန်းဆန်း ကြွက်စမ
ဘယ်က စရမလဲ မမေးနဲ့ စဉ်းစား၊ အသက်ဓာတ်က ဘယ်နေရာက စဖြစ်သလဲ။ ဒါဆို ဒီနေရာက စဆွဲရတယ်၊ အက္ခရာတစ်လုံးစီမှာ ဓာတ်တစ်မျိုးစီ ကိန်းအောင်းတယ်။ ဘာ့ကြောင့် နဝင်းညွှန့်လေးတွေ ထည့်သလဲ။ ဒါက အကြောင်းခံ ရှိလို့ အကျိုးဆက် ဖြစ်လာတယ်။ ထောင့်လေးထောင့်မှာ သံမှိုနှက်သလို အချုပ်၊ အစောင့်တွေ ထားရှိတယ်။ သူ့နက္ခတ်၊ သူ့ပညတ်နဲ့ သူ့ဓာတ်တွေ။ အဲဒီလိုနဲ့ ကျွန်တော့်ရဲ့ ကျောင်းတော်သားဘဝဟာ စအက္ခရာ စကြာဝဠာ ပိတ်ခါဖြတ်သန်း တောတောင်စခန်း ဆိုတဲ့ လင်္ကာတွေ ကြားမှာ လူးလွန့်ဖြတ်သန်းခဲ့ရဖူးပါတယ်။

ဒီပုံတွေ၊ ဒီပညာတွေ၊ ဒီအဖြစ်အပျက်တွေနဲ့ ပက်သက်လို့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ ဟိုဟာက မှန်တယ်၊ ဒီဟာက မှားတယ်၊ ဟိုနည်းက အမှန်၊ ဒီနည်းက အမှား ဆိုတဲ့ ကိုယ့်ကိုကိုယ် ဘောင်ခတ်မယ့် သူတွေနဲ့လည်း ငြင်းခုံစရာ ဆွေးနွေးစရာလည်း မရှိပါဘူး။ အမှတ်တရ ဖြစ်ခဲ့တဲ့ ပညာရပ်တစ်ခုမို့ မှတ်မှတ်ရရ သိမ်းဆည်းလိုက်တာပါ။ ပြီးတော့ Google Image မှာ ရှာကြည့်ရင် ဒီပညာရပ်အကြောင်းက မတွေ့သလောက် ရှားပါးနေလို့ ဝါသနာပါသူတွေ ချိတ်ဆက် မိအောင် တစ်စွန်းတစ်စ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။