Wednesday, August 31, 2011

ဘသားချောတို့ ဘလော့ဂ်ဒေး


 
ဘလော့ဂါတွေရဲ့ ဘလော့ဂ်ဒေးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲဖို့ ခင်မင်ရင်းစွဲ ရှိတဲ့ ကိုအောင် (ပျူနိုင်ငံ) က သတိတရနဲ့ ခေါင်းစဉ် လာတပ် (Tag) ထားတဲ့အတွက် ဟိုနှစ်တွေကလိုပဲ ကျွန်တော် လက်လှမ်းမီသမျှ (ဘလော့ဂ်၊ အသစ်ရယ် အဟောင်းရယ်) မခွဲဘဲ သွားကြည့်၊ ဖတ်ရှု၊ လေ့လာ၊ ခံစားသင့်တဲ့ ဘလော့ဂ်တွေကို လက်ညိုးထိုးပြလိုက်ပါတယ်။

ဘလော့ဂ်ရယ်လို့ စတင်ဖြစ်တာက  ၂ဝဝ၇ ခုနှစ် တည်းကပါပဲ။ ဘာစာမှ ဘာပုံမှ မရှိသေးတဲ့ ဗလာ ဘလော့ဂ်လို့ ဆိုရပါမယ်။ ဒါနဲ့ မဖြစ်သေးပါဘူး။ ဝါသနာပါ တာလေးတွေ တောင်ရေး မြောက်ရေး လုပ်လိုက်ဦးမှ ဆိုပြီး ဂဏန်းဗေဒင်အကြောင်းတွေကို ၂ဝဝ၈ နှစ်ဆန်းပိုင်းမှာ  ဟိုတို့ ဒီတို့ စရေး ဖြစ်ပါတယ်။ အဲဒီတုန်းက အွန်လိုင်းပေါ်မှာ ဗေဒင်အကြောင်း ရေးသူဆိုလို့ မြန်မာ့ရိုးရာဗေဒင်နှင့်နက္ခတ်က ဆရာတေးအေးရိပ်နဲ့ တားရော့ချမ်းမြေ့ဦးတို့ပဲ ရှိပါသေးတယ်။ ဒါနဲ့ တတိယမြောက် ဗေဒင် ဘလော့ဂ် အဖြစ် အသက်ဝင်လာတယ်ပေါ့။


အဲမှာတင် ဗေဒင်ဘလော့ဂ်တွေရဲ့ ထုံးစံအတိုင်း ဘာသာရေးသမားလိုလို ဘဲနာတွေရဲ့ ဘုဂလန့် လာပြောတာလည်း ခံရ၊ ဗေဒင်ဆရာ ဆိုသူတွေရဲ့ ဘေးထိုင် ဘုပြောတာတွေလည်း ခံရ၊ ဗေဒင်အကြောင်း ရေးတာနဲ့ ဗေဒင်ဆရာလို့ အတင်း တံဆိပ်ခတ်ပြီး ဟိုဟာမေး၊ ဒီဟာမေး လာလုပ်သူတွေရဲ့ ဂဂျီဂကြောင်လည်း ခံရနဲ့ တစ်နှစ်ပြီး တစ်နှစ် လုံးလည် ချာလည်လိုက်နေခဲ့တယ်။ ဗေဒင် ဘယ်လောက် တတ်လို့ ရေးတာလဲကွ ဆိုပြီး အရိခံရတာလည်း ရှိတယ်။ အရမ်း အထင်ကြီးပြီး ဆရာ၊ ဆရာနဲ့ ပါးစပ်က မချတဲ့ လူတွေကိုလည်း အားနာပါးနာနဲ့ ဆရာ မဟုတ်ကြောင်း ရှင်းခဲ့တယ်။ ဘာပဲပြောပြော ဒီမှော်ရုံတောမှာ ပျော်ပါတယ်။


အခုတော့ ဘလော့ဂါတွေရဲ့ ဘလော့ဂ်ဒေးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲဖို့ ခင်မင်ရင်းစွဲ ရှိတဲ့ ကိုအောင် (ပျူနိုင်ငံ) က သတိတရနဲ့ ခေါင်းစဉ် လာတပ် (Tag) ထားတဲ့အတွက် ဟိုနှစ်တွေကလိုပဲ ကျွန်တော် လက်လှမ်းမီသမျှ (ဘလော့ဂ်၊ အသစ်ရယ် အဟောင်းရယ်) မခွဲဘဲ သွားကြည့်၊ ဖတ်ရှု၊ လေ့လာ၊ ခံစားသင့်တဲ့ ဘလော့ဂ်တွေကို လက်ညိုးထိုးပြလိုက်ပါတယ်။


ဖုန်းရွှေဆိုတာ


ယံ့ကျင်း(ဖုန်းရွှေ)ရဲ့ ရေးသားထားသောအချက်တစ်ခုရှိသည် ရေဘယ်ကစလာသလဲ။ ၄င်းရေ စထွက်သော နေရာသည် လူတွေ၏ အသက်ရှင်သန်သော နေရာ ဖြစ်သောကြောင့်၊ ၄င်းနေရာသည် အကောင်းဆုံး စတည်သောဖုန်းရွှေဖြစ်ပြီး၊အဓိကကျသော နဂါး၏ သွေးကြောပင်မ ဖြစ်သည်၊ ထိုကြောင့် မြန်မာနိုင်ငံ၏ မေခ မေလိခသည် မြန်မာနိုင်ငံ၏အဓိကသွေးကြော ဖြစ်သော နဂါး ဖြစ်သည်။ နဂါးကို ဖျက်ဆီးလိုက်ပါက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် အကြောင်းအရာများ မတွေးဝံ့တော့ပါ။
ဆိုတဲ့ ထူးဆန်းအံ့ဖွယ် ဂမ္ဘီရဆန်ဆန် အဖြစ်အပျက်တွေ၊ နက်ရှိုင်းတဲ့ ဖုန်းရွှေ သဘော တရားတွေကို လိုတိုရှင်း ကွက်ကွက်ကွင်းကွင်း ရေးသားထားတဲ့ ဘလော့ဂ်ကို ဒီနေရာ ဒီနေ့မှာ မိတ်ဆက် ပေးလိုက်ပါတယ်။ ရေးသားသူနဲ့ မသိကျွမ်းပေမဲ့ သူ့ရဲ့ လေ့လာအားထုတ်မှု အင်အားကို လေးစားသမှုနဲ့ ဖော်ပြလိုက် တာလည်း ဖြစ်ပါတယ်။

http://fengshuioo.blogspot.com/

ထက်အောင်လှိုင်'s စိတ်ပညာဗေဒ

စိတ်ညှို့ပညာ၊ အိပ်ငွေ့ချပညာများအကြောင်း၊ စိတ်ပညာနှင့်ပက်သက်သောဆောင်းပါးများ နှင့် အခြား စိတ်ဝင်စားဖွယ်ကောင်း သောပညာရပ်များကို တင်ပြပေးသွားမယ် ဆိုတဲ့ ဘလော့ဂ်ကတော့ သက်တမ်းရှိ ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဆရာထက်အောင်လှိုင်ရဲ့ စိတ်ပညာ၊ စိတ်နယ်လွန်နဲ့ ဂမ္ဘီရကျင့်စဉ်တွေ အကြောင်း စုစည်း လေ့လာတင်ပြထားတဲ့ ဆိုဒ်ပါ။ စိတ်ပညာကျင့်စဉ်တွေ၊ စိတ်ညို့တဲ့ အတတ်ပညာတွေ ဝါသနာထုံသူတွေအဖို့ သွားရောက် လေ့လာလှန်လှော သင့်တဲ့ ဘလော့ဂ်တစ်ခုအဖြစ် ညွှန်းလိုက်ပါတယ်။

http://htetaunghlaingphilosophy.wordpress.com/


ဆရာမျိုးသန့်

ကျွန်တော်ဟာ ဗေဒင်ပညာရှင်တစ်ယောက် မဟုတ်ပါ သို့သော် ဝါသနာအရ ဗေဒင်ဟောခန်း ပေါင်းစုံကို လေ့လာခဲ့တဲ့ ဗေဒင် website ပေါင်းစုံ ဗေဒင် စာအုပ်ပေါင်းစုံ ဖတ်ရှု လေ့လာခဲ့ပြီးတဲ့ သူပါ ဆိုပြီး အွန်လိုင်းဗေဒင်လောကကို ဝင်လာသူကတော့ ဆရာမျိုးသန့် ဖြစ်ပါတယ်။ စစချင်း ဆောက်နဲ့ထွင်း ဆိုသလို ရှေ့က (မင်းသိင်္ခ၊ စံဇာဏီဘို) အပါအဝင် ဆရာ့ဆရာကြီးများကို ဆော်ပလော်တီး၊ အသားကုန် ဝေဖန်ပြီး ယုံကြည်ရာကို ရဲရဲရင့်ရင့်နဲ့ ရေးချင်ရာရေးနေသူ ဖြစ်ပါတယ်။ စာဖတ်သူကိုလည်း ဗေဒင်နဲ့ ပက်သက်တဲ့ အတွေးတွေ မျက်စိဖွင့်ပေးမယ်လို့ ကြွေးကြော်ထားပါတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စိတ်ဝင်စားစရာ ကောင်းတဲ့ ဆိုဒ်အဖြစ် မေးငေါ့ပြလိုက်ပါတယ်။

http://sayarmyothant.wordpress.com/


ကျွန်တော့် ကဗျာ.....ကျွန်တော့် ကမ္ဘာ


ဆရာတာရာမင်းဝေနဲ့ ဆရာမိုဃ်းဇော် ပြီးရင် ကျွန်တော် နူတ်တက်အာဂုံဆောင်ရလောက်အောင် နူးညံ့တဲ့ ကဗျာဓာတ်နဲ့ ဆွဲဆောင်နိုင်သူကတော့ ကဗျာဆရာ မင်းစိုးရာပဲ ဖြစ်ပါတယ်။ တခါတလေ ရင်ထဲ ဖွဖွ နာကျင်မိတဲ့အခါ ချစ်ခြင်းမေတ္တာဆိုတာ မျက်ရည်နဲ့ သွယ်တန်း ထွန်းညှိရတဲ့ အဆုံးမရှိသော ဆီမီးတန်း ကလေးသာ ဖြစ်ခဲ့ပါတယ်..ဆိုတဲ့ ကိုမင်းစိုးရာဇာ ကဗျာစလေးကို ရွတ်ဆိုမိတယ်။ တခါတလေ လူငယ် တစ်ယောက်ရဲ့ ယုံကြည်ရာတွေ ရေထဲ မျောပါသွားတဲ့အခါ နေကောင်းလား ကောင်းကြီး ဆိုတဲ့ သူ့ကဗျာရှည်ကို ဆို့နင့်အောင် ခံစားမိတယ်။ ကဗျာအရေးကြဲသွားပေမဲ့ ရေးသမျှ ရင်ထဲ ရောက်တဲ့ ဆရာ မင်းစိုးရာဇာရဲ့ ဘလော့ဂ်ကို ဒီလို နေ့ထူးရက်မြတ်တစ်ရက်မှာ ညွှန်းလိုက်ချင်ပါတယ်။

http://minsoeyarpoem.blogspot.com/

ဘလော့ဂ်ဒေးတွေက များသောအားဖြင့်တော့ ဘလော့ဂ် ၅ ခုကို ညွှန်းတာပါ။ ကျွန်တော်ကတော့ ဒီနှစ်ပိုင်းတွေမှာ မနိုင်ဝန်တွေ ပိနေတဲ့ လုပ်သားပျား တစ်ကောင်ပမာ ဖြစ်နေလို့ လောလောဆယ် တွေ့ရှိသမျှ၊ ကိုယ့်လက်တစ်ကမ်းက ဘလော့ဂ် ၄ ခုကပဲ လမ်းညွှန်လိုက်ပါတယ်။ ဘလော့ဂါ ညီအစ်ကို မောင်နှတွေရော၊ ဘလော့ဂ် မရေးဖြစ်ပေမဲ့ ဘလော့ဂ်တွေကို အားပေး ဖတ်ရှုနေကျ စာဖတ်သူတွေရော အပါအဝင် အားလုံး အားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေလို့။

4 comments:

ကိုအောင်(ပျူနိုင်ငံ) said...

တက်ဂ်ကို ရေးပေးတဲ့အတွက်ရော လက်ဆင့်ကမ်း လင့်ခ်တွေဆီ
လမ်းညွှန်းပေးတာရောအတွက် ကျေးဇူး တင်ပါတယ်၊
ဘလော့ဒေးမှာ ပျော်ရွင်ပါစေ ရမ်းဂမ်းရေ ....

Angelhlaing(May everybody be happy and healthy! said...

ပျောက်နေတာလဲကြာလှပေါ့ ပုန်းနေတာပေါ့လေ..မုန့်ကျွေးရမဲ့ အကြွေးတွေများနေပြီနော်အကို အကြွေးမြန်မြန်ဆပ်ပါလို့ :P မဆပ်ရင်တော့ ငိုမှာနော်..:D Happy blog day ပါအကိုရေ...:):)

eveningstar said...

the last one is http://www.younggun.co.cc/ right?

ဟိန်းတင့်ဇော်(ဗလာ) said...

ကိုရမ်ဂမ်းရေ...
ကျွန်တော့် လင်လေး ပြောင်းသွားပါပြီ။
http://www.heintinzaw.com/ ။ ပထမလင့်လေးက ပြဿနာ ဖြစ်ပြီး သေသွားလို့ပါ။ ကျေးဇူးပြုပြီး ဒီလင့်လေး ပြောင်းချိတ်ပေးပါဦးဗျ။ တက်ပို့လေးကို လာဖတ်သွားပါတယ်။