Tuesday, November 13, 2012

၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂

The Day After Tomorrow ကို ဒါရိုက်တာ Roland Emmerich က ၂၀၀၄ ​​မေလမှာ သူဲ့ရဲ့ အနုပညာ ပဉ္စလက်အတတ်နဲ့​​ ပထမအကြိမ်အဖြစ် ​​ငွေ​​ရောင်ပိတ်ကား​​​ပေါ်မှာ ကမ္ဘာကြီး​​ကို ဖျက်စီး​​ပြခဲ့​​တယ်။ မနက်ဖြန်ရဲ့​​ မနက်ဖြန်မှာ မင်း​​ဘယ်မှာ ရှိမလဲ . . . ။


ကံအကြောင်းမလှ၊​ တိုက်ဆိုင်စွာနဲ့ပဲ အိန္ဒိယသမုဒ္ဒရာက​​နေ ဆူနာမီ ​​သေမင်း​​တမန် ပင်လယ်ဒီလှိုင်း ကြမ်းကြီးတွေက အင်ဒိုနီး​​ရှား​​၊​ ထိုင်း​​၊​ အိန္ဒိယ၊​ သီရိလင်္ကာက​ လူ ၂ သိန်း​​​ကျော်ကို ၂၀၀၄ ဒီဇင်ဘာ ခရစ်စမတ်ပွဲ​​တော်မှာ သတ်ဖြတ်ပစ်ခဲ့​​တယ်၊​ အဲဒီနိုင်ငံ​​တွေအတွက် ကမာပျက်ခဲ့​​တဲ့​​ နေ့ပါပဲ။ ကျ​​နော်တို့ရဲ့ ရွှေပြည်ကြီး​​က​​တော့​​ ကံ​​ကောင်း​​​ထောက်မစွာနဲ့ပဲ အဖျား​​ခတ် ခံလိုက်ရတယ်။ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ ဆိုလား​​ပဲ၊​ အစိုး​​မရ သတင်း​​စာ ​​တွေမှာ စိတ်​​တော်သိ ​​ဗောင်း​​​တော်ညှိမ့်​​​တွေက သိဒ္ဓိတင်ခဲ့​​ကြသေး​​တယ်။

ကံဆိုတာက အမြဲမ​​ကောင်း​​နိုင်ဘူး​​​လေ၊​ စိုင်း​​စိုင်း​​ခန်း​​လှိုင်ရဲ့​​ အိုး​​က​​လေး​​ လှုပ်ပါဟေ့  ​​ရေအိုး​​က​​လေး​​ လှုပ်ပါဟေ့ သီချင်း​​က ဆိုလို့ ကောင်း​​​နေတုန်း လှုပ်လို့ ​​​ကောင်း​​​နေတုန်း​​...

၂၀၀၈ ​​မေလလည်း​​​ရောက်​​ရော ဘင်္ဂလား​​ပင်လယ်​​အော်က​​နေ နာဂစ်ဆိုင်ကလုံး ဝင်မွှေလိုက်တာ ဘာ​​ပြော​​ကောင်း​​မလဲ။ ရွှေမြန်မာ​​တွေလည်း​​ ကမ္ဘာပျက်၊​ အိုး​​က​​လေး​​တင်မက ဧရာဝတီဆန်အိုး​​ကြီးပါ ကွဲသွား​​ ပါ​​ရောလား​​။ ​​ရွှေပြည်ကြီးက လူ ၁ သိန်း​​ခွဲ​​လောက် ပင်လယ်ဒီလှိုင်းအောက် ဆုံး​​ဆုံး​မြုပ်လို့​​၊

ဒီတခါကျ​​တော့​​ ၂ဝဝ၇ စက်တင်ဘာတုန်း​​က ဗုဒ္ဓသား​​​တော် သံဃာ​​တော်​​တွေကို ကံကြီးထိုက် ပစ်မှား​​လို့ပါလို့ ဘယ်​​ဖော်လံဖား​​ ကမှ မ​​ရေး​​ကြတော့​​ဘူး​​။ ​​နောက်ဆက်တွဲအ​​နေနဲ့​​ တရုတ်နိုင်ငံကပါ တို့​​လည်း ​​လိုက်မယ် ချန်မထား​​နဲ့ဆိုသလို ​​မြေငလျင်​​ ဘေး​​သင့်​​လို့ လူ ၇ ​​သောင်း​​​လောက် ​​သေကုန်ပြန်ပါ​​ရော။

၂၀၀၉ နိုဝင်ဘာလ ​​ငွေ​​ရောင်ပိတ်ကား​​ကြီးတွေ​​ ပေါ်မှာ​​တော့​​ Roland Emmerich က 2012 ဒုတိယ​​မြောက် ဖျက်ပြလိုက်ပြန်ပါတယ်။ ဒီဇာတ်ကား​​က တကမ္ဘာလုံး​​က ရုပ်ရှင်ပရိတ်သတ်အတွက် ပိုပြီး​​ အနိဌာရုံ ဆန် လှ​​ပေမယ့်​​ ဒါရိုက်တာက​​တော့​​ ​​ဒေါ်လာသန်း​​​ပေါင်း​​များ​​စွာကို သဲ့​​ယူသွား​​ပြန်ပါတယ်။ မရှိ​​တော့​​ပြီဖြစ်တဲ့​​ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အဆုံး​​သတ်​​နေ့ ဒီဇင်ဘာ၂၁၊​ ၂၀၁၂ ကို အ​​ခြေခံပြီး​​ ကွန်ပျူတာ အထူး ပြုလုပ်ချက်​​တွေနဲ့ လှလှပပ အရိုင်း​​ဆန်ဆန် ရိုက်ပြသွား​​ခဲ့​​တာပါ။

မကြာပါဘူး​​ . . . ဇန်နဝါရီ ၁၂၊​ ၂၀၁၀ မှာ ​​ဟေတီအတွက်​​တော့​​ ကမ္ဘာပျက်တာပါပဲ။ ကမ္ဘာမြေကြီး အခြမ်းခြမ်း ကွဲသွား​​သလို လှုပ်ရမ်း​​လိုက်တဲ့​​ ​​မြေငလျင်​​ကြောင့်​​ ​​ဟေတီနိုင်ငံသား​​ ၂ သိန်း​​​လောက် စ​​တေး​​ခံ လိုက်ပြန်ပြီ။ ကမ္ဘာလူသား​​​တွေလည်း​​ တုန်လှုပ်သွား​​ခဲ့​​ရပြန်ပါတယ်။

တိုက်တိုင်ဆိုင်ဆိုင်ပါပဲ . . .

ဟေတီငလျင် လှုပ်တဲ့​​​နေ့က ၁၂၊​ ၀၁၊​ ၂၀၁၀ ။
မာယာပြက္ခဒိန် အဆုံး​​သတ် ရက်စွဲက ၂၁၊​ ၁၂၊​ ၂၀၁၂ ဖြစ်ပါသတဲ့​​။

ဒါနဲ့​​ရက်စွဲနှစ်ခုကို စိတ်ဝင်တစား​​ ​​လေ့​​လာကြည့်တော့​​ ၀၊​ ၁၊​ ၂ ဂဏန်း​​က လွဲရင် ကျန်တာ မပါဘူး​​။ ၀၊​ ၁၊​ ၂ ဂဏန်း​​သုံး​​လုံး​​ကလည်း​​ နှစ်လုံး​​တစ်တွဲစီ တွဲကြည့်တော့​​ ၁၂၊​ ၂၁၊​ ၂၀၊​ ၁၀ ဒါ​​တွေပဲ ပြန်ထွက်လာတယ်။ ၁၂၊​ ၀၁၊​ ၂၀၁၀ နဲ့​​၂၁၊​ ၁၂၊​ ၂၀၁၂ မှာလည်း​​ အဲဒီဂဏန်း​​တွဲ​​တွေပဲ ဆို​​တော့​​ ဒီဂဏန်း​​​တွေရဲ့​​ အဓိပ္ပါယ်က ဘာလဲ​​ပေါ့​​​လေ . . . ။

တား​​​ရော့​​ဆိုတာ ကြားဖူး​​ကြမယ် ထင်တယ် . . .
တား​​​ရော့​​ဆိုတာ နိမိတ်ပုံကား​​ချပ်​​လေး​​​တွေပါ၊​ အဲဒီဖဲချပ်အရွယ် တား​​​ရော့​​ကား​​ချပ်​​လေး​​​တွေက လူ​​တွေရဲ့​​ အတိတ်၊​ ပစ္စုပ္ပန်၊​ အနာဂါတ် ကံကြမ္မာကို နိမိတ်ဖတ် ​​ဟော​​ပြောနိုင်တယ်လို့ လူတစ်ချို့က ယုံကြည်ကြတယ်။ တား​​​ရော့​​ ပထမပိုင်း​​ကို ​​မေဂျာကဒ် ၂၂ချပ်နဲ့ ​​ဒုတိယပိုင်း​​ကို မိုင်နာကဒ် ၅၆ချပ် ဆိုပြီး​​ နှစ်ပိုင်း​​ ခွဲထား​​ခဲ့​​ပါတယ်။ ဒုတိယပိုင်း​​ မိုင်နာကဒ်​​တွေကို​​တော့​​ လူ​​တွေ ကစား​​​နေတဲ့​​ ဖဲထုတ်အဖြစ် လျှို့ဝှက် အသွင်​​ပြောင်း​​ခဲ့​​တယ်လို့ ​​ယုံကြည်ရပါတယ်။
12.01.2010 vs 21.12.2012
10 - Wheel of fortune = ကံကြမ္မာ တစ်ပတ်လည်ခြင်း
Luck, Chance, Change, Destiny, Revolution, Consequence
12 - The hanged man = ​​ဇောက်ထိုး​​ဆွဲ ခံထား​​ရတဲ့​​လူ
Yield, Suspend, Surrender, Sacrifice, Non-action, Submission, In-Between
20 - Judgment = တရား​​စီရင်ခြင်း​​/ ရှင်ပြန်ထ​​မြောက်ခြင်း
Faith, Honesty, Judgment, Resurrection, Transformation, Heeding a Call
21 – The world = ကမ္ဘာလောက
Value, Success, Achievement, Fulfillment, Enrichment, Satisfaction

ဆိုပြီး​​ တား​​​ရော့​​ကား​​ချပ်​​တွေက အဓိပ္ပါယ် ဖော်ပြထား​​ပါတယ်။

အမှန်​​တော့​​ ရက်စွဲပါ ကိန်း​​ဂဏန်း​​​တွေ ဆင်တူယိုး​​မှား ​​ဖြစ်​​နေတာ တိုက်ဆိုင်မှု သက်သက်ပါ။

အမြင်မှာ နိမိတ်၊ အတိတ်မှာလက်​​ဆောင်၊​ အသံမှာ တ​​ဘောင် . . .

က​​လေး​​စကား​​၊​ သူရူး​​စကား​​၊​ သဘင်သည်စကား​​ မကြားလို မနာယူလို​​တော့​​ . . .။

(၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့က မြန်မာ့ရိုးရာဗေဒင်နှင့် နက္ခတ်ဆိုဒ်တွင် ဖော်ပြခဲ့သော ဆရာဇေယျာမောင်၏ ဆောင်းပါးကို ခွင့်ပြုချက် ယူ၍ ပြန်လည် တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်)

No comments: