Monday, December 25, 2017

၂၀၁၈ ဂဏန်းဗေဒင် ဟောကိန်း


အတိုချုံး ပြောရရင် မွေးလ၊ မွေးရက်ကို တစ်လုံးတည်း ရအောင် ပေါင်းခြင်းနဲ့ ၂၀၁၈ ရဲ့ ကံကြမ္မာဂဏန်း ၂ နဲ့ကို ထပ် ပေါင်းပြီး ဟောကိန်းဖတ်ဖို့ပါပဲ။ 

ဥပမာ နိုဝင်ဘာ ၁၂ မှာ မွေးတယ် ဆိုရင် နိုဝင်ဘာက ၁၁ လပိုင်း ဆိုတော့ ၁ နှစ်လုံး ပေါင်းရင် ၂  ရမယ်၊ ၁၂ ရက်နေ့ မွေးတယ်ဆိုတော့ ၁+၂ = ၃ ရမယ်။ အဲဒီ နှစ်ခုကို ထပ်ပေါင်းရင် ၂+၃ = ၅ ရမယ်။ ဒီဂဏန်းကို မှတ်ထားပါ။ လာမယ့် ၂၀၁၈ ရဲ့ ကံကြမ္မာဂဏန်း ၂ နဲ့ ပေါင်းပါ။ အဲဒီတော့ ၅ + ၂ = ၇ (ဟောကိန်း ၇ ကို ဖတ်ပါ) ဒါပါပဲ။

ဟောကိန်း ၁
လုပ်ငန်းစီးပွားပိုင်း တည်ငြိမ် တိုးတက်မှု ရှိမယ်။ အသစ်တွေလည်း စတင်ရမယ်။ စီးပွားဖက်ချည်း အာရုံ ကျနေလို့ မိသားစုရေးမှာ အားနည်းသွားမယ်။ လူပျိုလူလွတ်တွေ နှလုံးသားရေးရာ အညံ့ ရှိမယ်။
ဟောကိန်း ၂
ပျော်ရွှင် ကြည်နူးစရာတွေ ပြည့်နေမယ်။ ရင်ခုန်စရာ Surprise တွေ လုပ်ခံရမယ်။ လက်တွဲဖော် ရှာသူတွေ ချစ်ရသူနဲ့ ဆုံတွေ့မယ်။ အတွဲတွေကတော့ အိမ်ထောင်ကျကိန်း ရှိတယ်။ စီးပွားရေး ပုံမှန် ကောင်းမယ်။
ဟောကိန်း ၃
မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုတွေ ရပြီး အောင်မြင်မှုတွေ ဖန်တီးနိုင်မယ်။ ကြိုးစားမှု အားကောင်းလေ၊ အောင်မြင်မှုများလေ ဖြစ်မယ်။ အဆက်အသွယ်ကောင်းတွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံရမယ်။
ဟောကိန်း ၎
အရင်က ပစ်စလတ်ခတ် နေခဲ့ရင် ဒီနှစ်မှာ ကျန်းမာရေး ပြဿနာ ပေါ်မယ်။ နေရာထိုင်ခင်း အပြောင်းအရွှေ့ ရှိမယ်။ ခရီးသွားလာလုပ်ကိုင်တာတွေ ကောင်းတယ်။ ကိုယ့်ဘက်က ပြင်ဆင်မှုတွေ ကြိုလုပ်ထားရမယ်။
ဟောကိန်း ၅
စိတ်ကူးယဉ်တာတွေ ရပ်ပြီး လက်တွေ့ ထလုပ်ရတော့မယ့် နှစ်ပါ။ လုပ်မယ် ဆိုရင်လည်း အောင်မြင်မှုတွေက အသင့် စောင့်ကြိုနေပါတယ်။ လေချည်းပဲ လွှတ်နေတာထက် လက်တွေ့ကျကျ လုပ်ပြရတော့မှာပါ။
ဟောကိန်း ၆
စီးပွားရေးရော မိသားစုရေးမှာပါ အားလုံး ဘက်စုံညီညွှတ်မျှတပါလိမ့်မယ်။ မိသားစုရဲ့ အရေးပါမှုကို ပိုသိရသလို လုပ်ငန်းမှာလည်း အခွင့်အလမ်းတွေ ပေါ်ပေါက်လာမှာပါ။ မိတ်ဆွေတွေရဲ့ အကူအညီလည်း ရရှိပါလိမ့်မယ်။
ဟောကိန်း ၇
အပေါင်းအသင်းတွေ မိသားစုတွေနဲ့ နွေးထွေး စည်းလုံးစွာ နေထိုင်ရမယ့် နှစ် ဖြစ်ပြီး ကိုယ့်ရဲ့ အကျင့်ဆိုးတွေ စွန့်လွှတ်ရပါမယ်။ ဘာလုပ်လုပ် စိတ်ထဲက နှစ်နှစ်ကာကာ ပါမှ လုပ်ပါ။ ရည်မှန်းသလို အောင်မြင်ပါလိမ့်မယ်။
ဟောကိန်း ၈
ငွေကြေးစီးပွား အောင်မြင်မယ့် နှစ် ဖြစ်ပြီး မျှော်မှန်းသလိုလည်း ပုံပေါ်လာပါလိမ့်မယ်။ အများနဲ့ စပ်တူ လုပ်ပြီး ကိုယ်က ဦးဆောင်လိုက်ပါ။ နေ့စဉ် နေထိုင်မှုပုံစံကို အပြောင်းအလဲ လုပ်ရင် ပိုပြီး ကောင်းဖို့ ရှိနေပါတယ်။
ဟောကိန်း ၉
အကောင်းအဆိုး ရောနှောတဲ့ အပြောင်းအလဲမျိုးစုံကို ရင်ဆိုင်ရပါလိမ့်မယ်။ မတတ်သာလို့ လက်ခံလိုက်ရတဲ့ အခြေအနေတွေ ရှိလာပါမယ်။ အခွင့်အရေးတွေကို လက်မနှေးဖို့နဲ့ ခံစားချက်ကို ထိန်းချုပ်တတ်ဖို့ လိုပါတယ်။

No comments: