Saturday, January 13, 2018

ငလျင်ရှေ့ပြေးနိမိတ်များ


အခုတစ်လောက ငလျင်တွေ ခပ်စိတ်စိတ် လှုပ်လာလို့ ရှေ့အရင် ငလျင်တွေ လှုပ်စဉ်က ဖြစ်ပေါ်ခဲ့ဖူးတဲ့ နိမိတ်နဲ့ သင်္ကေတတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

၂ဝ၁၁ တာလေ ငလျင် မဖြစ်ခင် နာရီဝက်အလို တာလေမြို့ထဲက ငါးကန်တစ်ခုမှာ ငါးတွေ ထပွက် ခုန်ပျံ၊ 

၂ဝဝ၃ တောင်တွင်းကြီး ငလျင် မဖြစ်ခင် နာရီပိုင်းအလို နွားများ ခွာယက်၊ ချည်တိုင်မှ ရုန်းကန်၊ 

၂ဝဝ၄ ဒီဇင်ဘာ အင်ဒိုနီးရှား ဆူနာမီ မဖြစ်ခင် တနင်္လာရီဘက်က ငါးဖမ်း ပိုက်ကွန်တွေမှာ နှစ်ရက်လောက် ကြိုပြီး ငါးတွေ အလျှံပယ် စုပြုံ ဝင်တိုး၊

၂ဝဝ၈ မေလ တရုတ် စီချွမ်ငလျင် မဖြစ်ခင် တစ်ရက်အလို တွင်းအောင်း ဖား ထောင်သောင်းချီပြီး အပြင်ထွက်လာ၊ ငလျင်မဖြစ်ခင် နှစ်ရက်အလို ရှန်တုံပြည်နယ် ကောင်းကင်ယံမှာ ထူးဆန်းတဲ့ တိမ်ပုံစံတွေကို မြင်တွေ့ခဲ့ရ။

ကုန်းနေ ရေနေ တိရိစ္ဆာန်တွေဟာ ငလျင်ကြီးတွေ မလှုပ်ခင် အရင် ရှေ့ပြေးလာတဲ့ ငလျင်လှိုင်းလေးတွေကို ခံစား သိရှိနိုင်တဲ့အတွက် သူတို့ရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေကို သတိထားနိုင်ရင် အကျိုးရှိမှာပါ။

ငလျင်ကို ကြိုတင် အချက်ပြတတ်တဲ့ တိမ်တွေ သရုပ်သဏ္ဍာန်ကို လေ့လာဖို့နဲ့ အဆင့်မြင့် နက္ခတ္တဝေဒက သုံးတဲ့ သရောဒယ ကျမ်းလာ သတ္တနာဋီစက်လို ဘာစက် ညာစက်တွေကိုတော့ ... ဆြာ့ ဆြာကြီးများပဲ တတ်ကျွမ်းကြပါတယ်။

ဘာပဲဖြစ်ဖြစ် သိသလောက်လေးတော့ မျှဝေလိုက်ပါတယ်။ အကြားအမြင် သုတ များပြားခြင်းဟာလည်း မင်္ဂလာတစ်ပါး မဟုတ်ပါလားဗျာ။

Sources: MOTTA Astrology, Others

No comments: