Tuesday, January 30, 2018

မြန်မာက မြင်ရမယ့် လကြတ်မှုဖြစ်စဉ်



ဒီနေ့ ဇန်နဝါရီ ၃၁ ညနေပိုင်းမှာ လအပြည့်အဝ ကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာကနေ မြင်တွေ့ရတော့မှာပါ။

ရှေးနက္ခတ်ကျမ်းတွေ အလိုအရ နေကြတ်လကြတ်တာကို မြင်တွေ့ရတဲ့ တိုင်းနိုင်ငံတွေမှာ အကျိုးသက်ရောက်မှု ပိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းအပေါ်မှာလည်း သက်ရောက်မှု အနည်းနဲ့အများ ဖြစ်လေ့ ရှိပြီး အကောင်းနဲ့အဆိုးလည်း ကွဲပြားတတ်ပါတယ်။ 

လကြတ်မယ့် ဖြစ်စဉ်ကို အနှစ်ချုပ် ပြောရရင်…

၁။ ဒီတခါ လကြတ်တာဟာ Super Moon ( ကမ္ဘာနဲ့ ပိုနီးကပ်တဲ့လ) လည်း ဖြစ်၊ အနီရောင်သန်းတဲ့ Blood Moon လည်း ဖြစ်တာမို့ ပုံမှန် လကြတ်တာထက် ပိုပြီး ထူးခြားနေပါလိမ့်မယ်။ မြန်မာ အပါအဝင် အရှေ့တောင် အာရှ၊ အိန္ဒိယ၊ အာရှအလယ်ပိုင်း၊ မြောက်အမေရိကနဲ့ ဥရောပတွေ ကလည်း မြင်တွေ့ရပါမယ်။

၂။ ညနေ ၆ နာရီကျော် လထွက်လာတာနဲ့ အနီရောင်သန်းတဲ့ လကြတ်မှု စတင်ပါမယ်။ ၇ ခွဲနဲ့ ၈ နာရီအတွင်းမှာ အလုံးစုံ အမှောင်ရိပ် ဖုံးလွှမ်းလာပြီး ၈ ခွဲကျော်မှာ လကြတ်မှု ပြီးဆုံးမှာ ဖြစ်ပါတယ်။

၃။ ခုလို လအပြည့်အဝ ကြတ်တာကို မြင်တွေ့ရတဲ့ မြန်မာနိုင်ငံမှာ ရက်ပိုင်းကနေ လပိုင်းအထိ သက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ နိုင်ငံမှာ အကောင်းထက် အဆိုးက ပိုပြီး အဖြစ်များမယ်လို့ ခန့်မှန်းရပါတယ်။

၎။ လပေါ် ကမ္ဘာရဲ့ အရိပ်ထိုးကျတဲ့ လကြတ်မှု ဖြစ်စဉ်ဟာ နှစ်စဉ် ဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်မှာ မြန်မာကနေ အပြည့်အဝ မြင်ရမှာမို့ ထွက်ကြည့် လေ့လာချင်သူတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဇာတာအခံနဲ့ မကိုက်ရင် ထွက်ကြည့်မိသူမှာ မကောင်းကျိုးရလဒ်တွေ ဖြစ်လာမယ်လို့ အိန္ဒိယနက္ခတ်ကျမ်းတွေမှာ သတိပေးထားပါတယ်။

အနောက်တိုင်း နက္ခတ်ဗေဒင်အရ ဒီလကြတ်မှုကြောင့် ရာသီဖွား ၃ ခုမှာ ထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

၁။ ပြိဿရာသီဖွား 

ပြန်တွေးလိုက်တိုင်း နာကျင်ခံစားရတဲ့ အတိတ်ရဲ့ အရိပ်တွေကို ပြန်မြင်ရမယ်။ မေ့ပစ်ထားချင်တဲ့ ဒဏ်ရာအနာ ဟောင်းတွေကို တမြေ့မြေ့နဲ့ ပြန်ခံစားရမယ်။ ဆွေးမြေ့ နာကျင် ခံစားမှုတွေ အရမ်းကို ပြင်းထန်လာနိုင်ပါတယ်။

၂။ သိဟ်ရာသီဖွား 

စိတ်ကူးမျှော်မှန်းသမျှကို လက်တွေ့ကျကျ အကောင်အထည် ဖော်လာနိုင်ပါတယ်။ မျိုသိပ်ထားရ သမျှတွေကို ပေါက်ကွဲ ပွင့်အန်လာနိုင်မယ်။ သူတပါးက မသိတဲ့ ကိုယ့်အစွမ်းအစတွေကို ဖော်ထုတ်ပြသနိုင်ပါလိမ့်မယ်။

၃။ ဗြိစ္ဆာရာသီဖွား
အလုပ်အကိုင် နေရာဌာန အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာမယ်။ ပုံမှန်လေး သွားနေလို့ ဘာမှ မထူးခြားဘဲ ကိုယ့်အစွမ်းအစ ဘာလဲ ဆိုတာ ပြသရမယ့် အချိန် ဖြစ်ပါတယ်။ ကြိုးစားသမျှ အရာထင်လာဖို့ ရှိပါတယ်။

No comments: