ဒီဘလော့ဂ်အကြောင်း

HTML clipboardဒီဘလော့ဂ် စလုပ်ဖြစ်တာ ၂ဝဝ၇ မိုးရာသီနေ့စွဲ တစ်ခုပါပဲ။ စလုပ်တုန်းက ဗေဒင်အကြောင်းအပြင်၊ ကိုယ်ခံစားမိတဲ့ ကဗျာတွေ အကြောင်းပါ မွှေချင်လို့ ဗေဒင်ပညာနဲ့ မော်ဒန်ကဗျာ ဆိုပြီး ခေါင်းစဉ် ရောတပ်ခဲ့ပါတယ်။

ကဗျာလေးငါးပုဒ်လောက် တင်ပြအပြီးမှာ ဗေဒင်ချည်းသက်သက် စိမ့်ဝင်စီးမျောချင်တာနဲ့ ချစ်သော ကဗျာတွေကို ဘေးလွယ်အိတ်လေးထဲ ထည့်လိုက်ရတယ်။ ဒါပေမဲ့ သူများ ကဗျာဘလော့ဂ်တွေဆီ အကြောင်းမသင့်လို့ မပေါင်းဖြစ်ခဲ့တဲ့ ငယ်ချစ်လို လစ်ရင်လစ်သလို ဝင်ဖတ်ဖြစ်တယ်။

ဗေဒင်ဘလော့ဂ်တွေကတော့ အခုအချိန်မှာ လက်ဆယ်ချောင်းလောက် တိုးပွားလာတာ တွေ့ရတယ်။ Facebook မှာလည်း ဟိုကကူး ဒီကခိုးနဲ့ ကူးချနေတဲ့ ဗေဒင် Page တွေ အများကြီး တွေ့လာရတယ်။ ဒါပေမဲ့ ပညာကို ပညာလိုပြတဲ့ ဘလော့ဂ်တွေ Page တွေက လက်ငါးချောင်းတောင် မပြည့်ချင်ဘူး။ ဒီတော့ မပြည့်တဲ့ အိုးတွေ ဘောင်ဘင်ခတ်ကြတဲ့အထဲ ကိုယ်များပါနေလား ဆန်းစစ်ကြည့်တော့ ကိုယ့်အိုးက ဘောင်ဘင်ခတ်စရာ ဘာမှ မရှိတာ တွေ့ရတယ်။ သေချာတယ်။ အဲဒါဗေဒင်ပညာအစစ်ပဲဗျာ။